ကတိသစ္စာတည်မှု
မိမိတို့သည် ဖောက်သည်များ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ကာ ပေးထားသော ကတိကဝတ်များအတိုင်း တိကျ မှန်ကန် မြန်ဆန်မှုကို အလေးထားဆောင်ရွက်သည်။
ပူးပေါင်းဆောင်ရွက်မှု
မိမိတို့သည် ကောင်းမွန်ပြီး သင့်တင့် မျှတ မှန်ကန်သော အကျိုးရလဒ်ကိုသာ ကြည့်ရှုပြီး မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဖြင့်မဆို ပူးပေါင်းဆောင်ရွက်မှုကို အလေးထားသည်။
နှစ်ဦးနှစ်ဘက်အကျိုးဖြစ်ထွန်းမှု
မိမိတို့သည် မိမိတို့အပါအဝင် ဖောက်သည်များ၊ ပစ္စည်းပေးသွင်းသူများ (Suppliers)၊ နယ်ပယ် (Industry) အတွင်းရှိ သက်ဆိုင်သူ (State Holder) များ၏ အကျိုးစီးပွား နှင့် စျေးကွက်ကို လေးစားတန်ဖိုးထားသည်။
တာဝန်ယူမှု တာဝန်ခံမှု
မိမိတို့သည် ပြင်းပြသောစိတ်ဆန္ဒကို အရင်းတည်၍ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် လုပ်သမျှအရာတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိသည်။
လူမှုအကျိုးစီးပွားဖြစ်ထွန်းမှု
မိမိတို့သည် လူ့အဖွဲ့အစည်း၏အကျိုးစီးပွား နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ဆုံးရှုံးနစ်နာမှု မရှိစေရန် အထူးအလေးထားပြီး ရေရှည်တည်တံ့ခိုင်မြဲရန် တစ်ဖက်တစ်လမ်းမှကူညီပံ့ပိုးပေးလျက်ရှိသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

ခမ်းကူ ကုမ္ပဏီလီမိတက်၏ လက်အောက်တွင် ကွန်ပျူတာနှင့်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဒီဇိုင်းနှင့် ပုံနှိပ်လုပ်ငန်း ၊ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်ဝန်ဆောင်မှုလုပ်ငန်းများအပြင် အခြားသော လုပ်ငန်းခွဲများဖြစ်သည့် KPI – Business SchoolMSL – Business Consulting ServicesEBook Printing Services – Lashio (EPSL) နှင့် JSN – Delivery Packaging & Accessories စသည့် လုပ်ငန်းများကိုလည်း ဦးဆောင်လုပ်ကိုင်ဆောင်ရွက်နေသော အသေးစားကုမ္ပဏီတစ်ခုဖြစ်သည်။

COMPUTER & BUSINESS MANAGEMENT INSTITUTE​

ကွန်ပျူတာ နှင့် စီးပွားရေး
စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်ကျောင်း

ခမ်းကူ – ကွန်ပျူတာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ သင်တန်းကျောင်းသည် ကွန်ပျူတာ ပညာရပ်နှင့် စီးပွားရေးပညာရပ်ဆိုင်ရာ အသိပညာ အတတ်ပညာများ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်မှုများအပြင် လုပ်ငန်းများစနစ်ကျလာစေရန် နှင့် အမြတ်ငွေများတိုးတက်လာစေရန် ရည်ရွယ်၍ လက်တွေ့လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်းများ၊ စီးပွားရေးသင်တန်းများကို သင်ကြားပို့ချပေးနေသည့် ကွန်ပျူတာ နှင့် စီးပွားရေး ပညာရပ်ဆိုင်ရာသင်တန်းကျောင်းတစ်ခု ဖြစ်ပါတယ်။
အသေးစိတ်ကြည့်ရှုရန်
KKCBI

DESIGN & PRINTING
SERVICES CENTER

စာစီစာရိုက်၊ မိတ္တူ ၊ ဖိတ်စာ၊ ဗီနိုင်း၊ ဓာတ်ပုံ၊ တံဆိပ်ရိုက်၊ ဒီဇိုင်း နှင့် ပုံနှိပ်လုပ်ငန်း
လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် လိုအပ်သော ဒီဇိုင်းရေးဆွဲခြင်း၊ ပုံနှိပ်ခြင်း စတဲ့ကိစ္စရပ်များအားလုံးနှင့် ပတ်သက်ပြီး လူကြီးမင်းတို့ လိုအပ်သော အရေအတွက်၊ အရည်အသွေးပေါ် မူတည်၍ သင့်တင့်မျှတသော စျေးနှုန်းနှင့် ရက်ချိန်းများဖြင့် လုပ်ငန်းနှင့် အသင့်တော်ဆုံးဖြစ်အောင်၊ အချိန်ကုန်သက်သာစေရန် တစ်နေရာထဲမှာ ပြီးစီးအောင် စီစဉ်ဆောင်ရွက်ပေးနေသည့်အတွက်ကြောင့် လုပ်ငန်းရှင်အများစု၏ စိတ်ချယုံကြည်စွာ အစဉ်အမြဲအလုပ်အပ်နှံခြင်း ခံထားရသည့် ဒီဇိုင်း နှင့် ပုံနှိပ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
အသေးစိတ်ကြည့်ရှုရန်
KKDPS

AIR TICKETING
SERVICES CENTER

လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်​ ဝန်ဆောင်မှုလုပ်ငန်း
လူကြီးမင်းတို့၏ ပြည်တွင်းပြည်ပ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို ကိုယ်တိုင်လာရောက်ဝယ်ယူရန် အချိန်မရှိသော လုပ်ငန်းရှင်များအတွက် ဈေးနှုန်းမှန်ကန်သည့် ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကို ဖုန်းဖြင့် ဆက်သွယ်မှာကြားရုံဖြင့် မှန်ကန်သည့်စျေးနှုန်း၊ တိကျ မြန်ဆန်တဲ့ဝန်ဆောင်မှုများအပြင် အိမ်တိုင်ယာရောက်ပို့ဆောင်ပေးပြီး အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသော ပြည်တွင်းပြည်ပ ခရီးစဉ်လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
အသေးစိတ်ကြည့်ရှုရန်
KKATS

ကျွန်ုပ်တို့၏ ယုံကြည်ချက်များ
ပညာရေး၊ စီးပွားရေး နှင့် လူမှုရေး တို့သည် ကဏ္ဍတစ်ခုနှင့်တစ်ခု အစဉ်ဆက်နွယ်မှီတည်နေရသောအရာများဖြစ်သည်။ ပညာရေးဖြင့်သာ လူ့အသိဉာဏ်များကို ဖွံ့ဖြိုးစေပြီး၊ စီးပွားရေးဖြင့် လူနေမှုဘဝကို တိုးတက်အောင် မြှင့်တင်ကာ နိုင်ငံသားကောင်းပီသသောသူများဖြင့် ဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းတွင်သာ ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်မျိုးဆက်သစ်များစွာ ပေါ်ထွန်းပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်ဟု ယုံကြည်ထားပါသည်။

ကျွန်ုပ်တို့၏ ခံယူချက်များ
စတင်တည်ထောင်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှစ၍ ယနေ့အချိန်အထိ ဒေသအတွင်းရှိ လူငယ်လူရွယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသူများ၏ အခြေခံလိုအပ်ချက်များ၊ အထူးလိုအပ်ချက်များနှင့်ကွာဟချက်များအား ဖြည့်ဆည်းပေးနိုင်ရန် “ခမ်းကူ” သည် ပြုပြင်ပြောင်းလဲမှုများစွာဖြင့် အတွေ့အကြုံပေါင်းများစွာကို လက်ဆင့်ကမ်း သင်ယူမျှဝေရင်း ရှင်းလင်းတိကျသော ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ချမှတ်ကာ လုပ်ဆောင်နေရသည့် အတွေ့အကြုံများသည် မိမိတို့အတွက် မည်သည့်အရာနှင့်မျှ လဲလှယ်လို့မရသည့် အရာများဟု ခံယူထားပါသည်။

ဆက်သွယ်ရန်

ကုမ္ပဏီလိပ်စာ
အမှတ် (၁၃/၁၀၅)၊ ကန်မိန်းဘုန်းကြီးကျောင်းအနီး၊သိန်းနီလမ်းမကြီး၊ ရပ်ကွက် (၁၂)၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့။

အီးမေးလ်ပေးပို့ရန်
[email protected]

ဖုန်းဖြင့် ဆက်သွယ်ရန်
(+95) 9 50 75563, (+95) 9 526 2936