ခမ်းကူ ကုမ္ပဏီလီမိတက် အကြောင်း ခြုံငုံဖော်ပြချက်

ခမ်းကူ ကုမ္ပဏီလီမိတက်သည် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အခြေစိုက်ပြီး ရှမ်းပြည်အတွင်းရှိ မိသားစုပိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစားကုမ္ပဏီလုပ်ငန်းရှင်များ နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအား လုပ်ကိုင်ရန် ရည်မှန်းချက်ရှိသော လူငယ်များ၏ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များကို ကူညီဆောင်ရွက် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

“ခမ်းကူ” ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး “ရွှေဖူး” သို့မဟုတ် “ပလက်တီနမ်” ဟု အနက်အဓိပ္ပါယ်ရပါသည်။ ရှမ်းဓလေ့ထုံးစံ အမည်နာမပေးစနစ်အရ “ခမ်းကူ” ဟူသောအမည်သည် အမျိုးသမီးများကိုသာ အများဆုံးမှည့်ခေါ်သောအမည်ဖြစ်ပါသည်။ ထို့အပြင် ခေတ်အဆက်ဆက်မှ ယနေ့တိုင် ထင်ရှားကျော်ကြားသော ရှမ်းစာဆိုတော်ကြီး “စဝ်ကန်းဆေ” ၏ သမီးဖြစ်သူ “နန်းခမ်းကူ” သည်လည်း လူငယ်ထုတို့၏ နှလုံးသားထဲ ယနေ့ထက်တိုင် စွဲမြဲနေဆဲဖြစ်သည့် “ခွန်ဆမ်လော နှင့် နန်းဦးပျဉ် ချစ်ပုံပြင်” အပါအဝင် စာပေပေါင်းများစွာကို ရေးသားပြုစုခဲ့သော အမျိုးသမီးစာဆိုတော် တစ်ဦး၏ အမည်နာမလည်းဖြစ်ပါသည်။

ခမ်းကူ ကုမ္ပဏီလီမိတက်၏ လက်အောက်တွင် ကွန်ပျူတာနှင့်စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (၁) ခု၊ ဒီဇိုင်းနှင့် ပုံနှိပ်လုပ်ငန်း (၁) ခု၊ Air Ticketing Services နှင့် Travel & Tour လုပ်ငန်း (၁) ခု စုစုပေါင်းလုပ်ငန်း (၃) ခု အပြင် အခြားသော ကုမ္ပဏီခွဲများဖြစ်သည့် KPI International Co.,Ltd. နှင့် MSL Co.,Ltd. ကို ဉီးဆောင်လုပ်ကိုင်ဆောင်ရွက်နေသော အသေးစားကုမ္ပဏီလုပ်ငန်းတစ်ခုဖြစ်သည်။

ခမ်းကူ ကုမ္ပဏီလီမိတက်သည် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း (Social Enterprise) တစ်ခုအဖြစ် ရပ်တည်သောကြောင့် မိမိအကျိုးအမြတ်ရရှိရေး တစ်ခုတည်းကိုသာ လုပ်ဆောင်နေခြင်းမျိုးမဟုတ်ဘဲ ဒေသအတွင်းရှိ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လူမှုအကျိုးစီးပွားဖြစ်ထွန်းမည့် ကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက်ရန် တာဝန်ရှိသည်ဟုခံယူထားပါသည်။

ထို့ကြောင့် မိမိတို့၏ စီးပွာရေးလုပ်ငန်းအမြတ်ရရေး တစ်ခုတည်းအတွက်သာမဟုတ်ဘဲ 3P ဖြစ်သည့် Profit, People, Planet များကိုပါ ရေရှည် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နေရခြင်းလည်းဖြစ်ပါသည်။

ထို့အပြင် ခမ်းကူ ကုမ္ပဏီ လီမိတက်အနေဖြင့် စီးပွားရေး အကျိုးအမြတ်များ မည်မျှပင် ရစေကာမူ လူမှုအဖွဲ့အစည်း (Society) နှင့် သဘာဝပတ်ဝန်းကျင် (Environmental) များကို ထိခိုက်နစ်နာ ဆုံးရှုံးမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုံးဝလုပ်ကိုင်ဆောင်ရွက်မည် မဟုတ်ဘဲ လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများမှ ရရှိလာသည့် အသားတင် အမြတ်ငွေများ၏ ၂၀ ရာခိုင်နှုန်းကို လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် CSR Program များတွင် ပြန်လည် ထည့်ဝင် လှူဒါန်းလျက်ရှိပါသည်။

စတင်တည်ထောင်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှစ၍ ယနေ့အချိန်အထိ ဒေသအတွင်းရှိ လူငယ်လူရွယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသူများ၏ အခြေခံလိုအပ်ချက်များ၊ အထူးလိုအပ်ချက်များနှင့် ကွာဟချက်များအား ဖြည့်ဆည်းပေးနိုင်ရန် “ခမ်းကူ ကုမ္ပဏီလီမိတက်”သည် ပြုပြင်ပြောင်းလဲမှုများစွာဖြင့် အတွေ့အကြုံပေါင်းများစွာကို လက်ဆင့်ကမ်း သင်ယူမျှဝေရင်း ရှင်းလင်းတိကျသော ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ချမှတ်ကာ လုပ်ဆောင်နေရသည့် အတွေ့အကြုံများသည် မိမိတို့အတွက် မည်သည့်အရာနှင့်မျှ လဲလှယ်လို့မရသည့် အရာများဖြစ်ပါသည်။

ပညာရေး၊ စီးပွားရေး နှင့် လူမှုရေး တို့သည် ကဏ္ဍတစ်ခုနှင့်တစ်ခု အစဉ်ဆက်နွယ်မှီတည်နေရသော အရာများဖြစ်သည်။ ပညာရေးဖြင့်သာ လူ့အသိဉာဏ်များကို ဖွံ့ဖြိုးစေပြီး၊ စီးပွားရေးဖြင့် လူနေမှုဘဝကို တိုးတက်အောင် မြှင့်တင်ကာ နိုင်ငံသားကောင်းပီသသောသူများဖြင့် ဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းတွင်သာ ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်မျိုးဆက်သစ်များစွာ ပေါ်ထွန်းပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်ဟု ယုံကြည်ထားပါသည်။

ရည်မှန်းချက် (Vision)
ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများတွင် မိမိတို့နှင့်ပါဝင်ပတ်သက်နေသူများအားလုံး ယုံကြည် စိတ်ချ အားထားရပြီး ၄င်းတို့တွေးထင်ထားတာထက်ပိုမိုကောင်းမွန်သည့် အရည်အသွေး၊ ဝန်ဆောင်မှုများကို ဖြည့်ဆည်းရန်နှင့် မျိုးဆက်သစ်လူငယ်လူရွယ်များ စံပြုထိုက်သော လူမှုအကျိုးပြု စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ရန်

မျှော်မှန်းချက် (Mission)
မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ၊ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အသေးစားကုမ္ပဏီလုပ်ငန်းများ နှင့် မျိုးဆက်သစ်လူငယ်များ၏ အလုပ်ခွင်အတွင်းလိုအပ်ချက်များကို ကူညီဆောင်ရွက် ဝန်ဆောင်မှုပေးရန်

တန်ဖိုးထားမှုများ (Core Values)
ကတိသစ္စာတည်မှု : မိမိတို့သည် ဖောက်သည်များ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ကာ ပေးထားသော ကတိကဝတ်များအတိုင်း တိကျ မှန်ကန် မြန်ဆန်မှုကို အလေးထားဆောင်ရွက်သည်။

ပူးပေါင်းဆောင်ရွက်မှု : မိမိတို့သည် ကောင်းမွန်ပြီး သင့်တင့် မျှတ မှန်ကန်သော အကျိုးရလဒ်ကိုသာ ကြည့်ရှုပြီး မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဖြင့်မဆို ပူးပေါင်းဆောင်ရွက်မှုကို အလေးထားသည်။

နှစ်ဦးနှစ်ဘက်အကျိုးဖြစ်ထွန်းမှု : မိမိတို့သည် မိမိတို့အပါအဝင် ဖောက်သည်များ၊ ပစ္စည်းပေးသွင်းသူများ၊ နယ်ပယ် (Industry) အတွင်းရှိ သက်ဆိုင်သူ (State Holder) များ၏ အကျိုးစီးပွား နှင့် စျေးကွက်ကို လေးစားတန်ဖိုးထားသည်။

တာဝန်ယူမှုတာဝန်ခံမှု : မိမိတို့သည် ပြင်းပြသောစိတ်ဆန္ဒကိုအရင်းတည်၍ တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် လုပ်သမျှအရာတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိသည်။

လူမှုအကျိုးစီးပွားဖြစ်ထွန်းမှု : မိမိတို့သည် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွား နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ဆုံးရှုံးနစ်နာမှု မရှိစေရန် အထူးအလေးထားပြီး ရေရှည်တည်တံ့ခိုင်မြဲရန် တစ်ဖက်တစ်လမ်းမှကူညီပံ့ပိုးပေးလျက်ရှိသည်။ 

မဟာဗျူဟာများ (Strategies)
အရည်အသွေး (Quality)၊ အရေအတွက် (Quantity)၊ အချိန် (Time) နှင့် စျေးနှုန်း (Price) များကို ဟန်ချက်ညီစေရန် (Balance) ထိရောက်စွာ စီမံခန့်ခွဲခြင်း၊

ခေတ်မှီ ဆန်းသစ်ပြီး နိုင်ငံတကာစံချိန်စံညွန်းများနှင့်အညီ ဒေသနှင့် ကိုက်ညီမည့် ဒီဇိုင်း (Design)၊ အိုင်ဒီယာ (Idea)၊ စနစ် (System)၊ စွမ်းရည် (Skills) နှင့် သတင်းအချက်အလက် (Data & Information) များကို ကောင်းသထက်ကောင်းအောင် အစဉ်အမြဲလေ့လာသင်ယူပြီး လက်တွေ့အသုံးချခြင်း၊

အလေအလွင့်နည်းပါးအောင်စီမံခန့်ခွဲမှု (Waste Management) ၊ ထိရောက်သော ကုန်ကျစရိတ် စီမံခန့်ခွဲမှု (Cost Management) နှင့် ပါဝင်ဆက်နွယ်နေသူများနှင့် ရေရှည်ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် အတွက် စီမံခန့်ခွဲမှု (Stakeholder Relationship Management) များကို ကောင်းမွန် သထက် ကောင်းမွန်အောင် စဉ်ဆက်မပျက်ဆောင်ရွက်ခြင်း၊

ဆောင်ပုဒ် (Slogan)
သင်တွေးထင်ထားတာထက် သင်ပိုပြီးထိုက်တန်တယ်။
အနာဂတ်အတွက် သင့်ရဲ့ တံခါးတစ်ချပ် – ခမ်းကူ