ခမ်းကူ - စာစီစာရိုက်၊ မိတ္တူ၊ ဖိတ်စာ၊ ဗီနိုင်း၊ ဓာတ်ပုံ၊ တံဆိပ်ရိုက်၊ ဒီဇိုင်း နှင့် ပုံနှိပ်လုပ်ငန်း

အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များဖြစ်တဲ့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် လိုအပ်သော ဒီဇိုင်းရေးဆွဲခြင်း၊ ပုံနှိပ်ခြင်း စတဲ့ကိစ္စရပ်များနှင့် ပတ်သက်ပြီးလိုအပ်သော အရေအတွက်၊ အရည်အသွေးပေါ် မူတည်၍ သင့်တင့်မျှတသော စျေးနှုန်းနှင့် ရက်ချိန်းများဖြင့် လုပ်ငန်းနှင့် အသင့်တော်ဆုံးဖြစ်အောင်၊ အချိန်ကုန်သက်သာစေရန် တစ်နေရာထဲမှာပြီးစီးအောင် စီစဉ်ဆောင်ရွက်ပေးနေသောကြောင့် လုပ်ငန်းရှင်အများစု၏ စိတ်ချယုံကြည်စွာ အစဉ်အမြဲအလုပ်အပ်နှံခြင်း ခံထားရသည့် ဒီဇိုင်း နှင့် ပုံနှိပ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

We’re not just a printing, we’re helping to build your brand.
ကျွန်ုပ်တို့သည် ပုံနှိပ်ရုံလေးပဲ လုပ်ပေးနေတာမဟုတ်ဘဲ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအမှတ်တံဆိပ်ပုံရိပ်တည်ဆောက်မှုကို ကူညီပေးနေခြင်းဖြစ်ပါသည်။

“ခမ်းကူ” ဒီဇိုင်း နှင့် ပုံနှိပ်လုပ်ငန်းတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ

စာစီစာရိုက် နှင့် မိတ္တူကူးခြင်း
– ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ
– စာချုပ်စာတမ်းများ
– စာအုပ်များကို စာစီစာရိုက်ပေးခြင်း၊ မိတ္တူကူးပေးခြင်း


Riso ကူးခြင်း
– ဖိတ်စာအမျိုးမျိုး၊ စာရွက်စာတမ်းအမျိုးမျိုး၊ ဘောက်ချာအမျိုးမျိုးကို Riso ကူးပေးပြီး အရောင်များအနေဖြင့် အနက်ရောင်၊ အနီရောင်၊ အပြာရောင်၊ အစိမ်းရောင် နှင့် ရွှေရောင်များ ရရှိနိုင်ပါသည်။

ဒီဇိုင်းရေးဆွဲခြင်း
– လူကြီးမင်းတို့ လိုအပ်သော Printed & Online Design များကို စိတ်တိုင်းကျသည်အထိ မြန်ဆန်စွာ ဆောင်ရွက်ပေးပါသည်။

Paper Printing
– ဖိတ်စာအမျိုးမျိုး ၊ လိပ်စာကဒ်အမျိုးမျိုး၊ လက်ကမ်းစာစောင်အမျိုးမျိုး၊
– PVC စမတ်ကဒ် အမျိုးမျိုး၊ စာအိတ်အမျိုးမျိုး၊ ဖိုင်တွဲအမျိုးမျိုး၊
– ဗူးပတ်အမျိုးမျိုး နှင့် ကုန်အမှတ်တံဆိပ်အမျိုးမျိုး 
– မီနူးစာအုပ်အမျိုးမျိုး၊ ကုမ္ပဏီပရိုဖိုင်စာအုပ်များ၊ Letterhead များ၊ မှတ်စုစာအုပ်အမျိုးမျိုး၊
– ရိုးရိုးဘောက်ချာစာအုပ် နှင့် မှင်ခံမလို ဘောက်ချာစာအုပ် အမျိုးမျိုး၊
– စားသောက်ဆိုင် မီနူးကဒ်အမျိုးမျိုး၊ ကတ်တလောက်စာအုပ် အမျိုးမျိုး၊
– စက္ကူလက်ဆွဲအိတ်အမျိုးမျိုး၊ စီဒီ၊ ဒီဗီဒီ အိတ်အမျိုးမျိုး၊
– ပြက္ခဒိန်အမျိုးမျိုး၊ စားပွဲတင်ပြက္ခဒိန်အမျိုးမျိုး၊ ပိုစတာအမျိုးအမျိုး၊ ကြော်ငြာစာရွက်အမျိုးမျိုး၊
– ဂုဏ်ပြုမှတ်တမ်းလွှာအမျိုးမျိုးနှင့် သင်တန်းဆင်းလက်မှတ်အမျိုးမျိုးတို့ကို တစ်နေရာထဲတွင် အပြီးအစီး ဆောင်ရွက်ပေးပါသည်။

Inkjet Printing
– ရိုးရိုးဗီနိုင်းများ၊ ရောင်ပြန်ဗီနိုင်းများ၊ လေဆာဗီနိုင်း နှင့် ကွန်ပို့စစ်ဗီနိုင်းများ၊
– ရိုးရိုးဓာတ်ပုံသား၊ ရေစိုခံဓာတ်ပုံသား၊ ရောင်ပြန်ဓာတ်ပုံသား နှင့် လေဆာဓာတ်ပုံသားများ၊
– ရိုးရိုးစတေကာ၊ ရေစိုခံစတေကာ၊ ရောင်ပြန်စတေကာ နှင့် လေဆာစတေကာများ၊
– ဓါးဖြတ်ရာပါပြီး လေဘယ်စတေကာများ၊ အထုပ်အပိုးစတေကာများ၊ အစား အသောက် စတေကာများ (ရိုးရိုး နှင့် အကြည်) များကို လည်း စိတ်တိုင်း အပ်နှံနိုင်ပါသည်။

Silk Screen Printing
– အင်္ကျီ၊ စပို့ရှပ်၊ ပိတ်စ၊ မျက်နှာသုပ်ပုဝါ၊ သဘက်၊ ဖိုင်တွဲ၊ ထီး၊ ယပ်တောင်၊ ဦးထုပ်၊ ဘောပင်၊ ဖန်ခွက်၊ ကြွေခွက်၊ ရေဗူးအမျိုးမျိုး၊ သားရေစာအုပ်အဖုံး၊ ဖော့အိတ်၊ ဝေဖာအိတ်၊ ပလပ်စတစ်အိတ်၊ ဖော့ဘူး နှင့် အမှတ်တရ ပစ္စည်းများအပေါ်တွင် စက်ရိုက် လက်ရိုက်ဖြင့် အရည်အသွေးကောင်းဆေးများကို အသုံးပြုပြီး အရောင်စုံလင်စွာဖြင့် ရိုက်နှိပ်ပေးနိုင်ပါသည်။

Plastic Printing
– ပလပ်စတစ်အိတ်အမျိုးမျိုး၊ ကျွတ်ကျွတ်အိတ်အမျိုးမျိုး၊ လက်ဆွဲအိတ်အမျိုးမျိုး၊ ပလပ်စတစ်လက်ဆွဲအိတ်၊ ဖော့အိတ်၊ ဝေဖာအိတ်၊ ကုန်ထုပ်ပိုးအိတ်အမျိုးမျိုး၊ ကုန်အမှတ်တံဆိပ်အိတ်အမျိုးမျိုး နှင့် ဗူးပတ်အမျိုးမျိုးတို့ကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်ပါသည်။

Sublimation & UV Printing
– ပညာရေးဆုတံဆိပ်၊ အားကစားဆုတံဆိပ် နှင့် ဆုတံဆိပ်အမျိုးမျိုး၊
– ဖန်တုံးဆုတံဆိပ်၊ ဖန်ပြားဆုတံဆိပ် အမျိုးမျိုး၊
– အင်္ကျီလက်ဆောင် အမှတ်တရပစ္စည်းအမျိုးမျိုး၊
– သော့ချိတ်၊ ရေဗူး၊ မတ်ခွက်၊ ကော်ဖီခွက် အမျိုးမျိုး
– ကြွေပြား၊ စားပွဲတင် နာရီ၊ တိုင်ကပ်နာရီ၊ ရင်ထိုး နှင့် လည်ဆွဲအမျိုးမျိုး တို့ကိုလည်း ပြုလုပ်ပေးပါသည်။

Laser Printing
– ရင်ထိုးအမျိုးမျိုး နှင့် သော့ချိတ်အမျိုးမျိုး၊
– လေဆာတံဆိပ်တုံး၊ ဆီလီကွန်တံဆိပ်တုံးအမျိုးမျိုး တို့ကို အမြန်ဆုံး ပြလုပ်ပေးပါသည်။

Previous
Next

“ခမ်းကူ” ကို ယုံကြည်စွာဖြင့် အလုပ်အပ်နှံသော လုပ်ငန်းများအားလုံး ဆထက်တံပိုးကြီးပွားတိုးတက်ကြပါစေ . . .