ကိုယ်ပိုင်လုပ်ငန်းရှင်များအတွက် စီးပွားရေးစီမံခံ့ခန့်ခွဲမှု သင်တန်းများ

မိသားစုပိုင်လုပ်ငန်းများ၊ တနိုင်တပိုင်လုပ်ငန်းများ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် မိမိတို့၏လုပ်ငန်းများ ပိုမိုစနစ်ကျလာစေရန် နှင့် အမြတ်ဝင်ငွေများ ပိုမိုတိုးတက်မြှင့်မားလာစေရန် အတွက် စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်များကို ခမ်းကူ သင်တန်းကျောင်းတွင် တက်ရောက်လေ့လာလို့ရပါတယ်။

ခမ်းကူ သင်တန်းကျောင်း၏ အဓိကအားသာချက်မှာ ရှမ်းပြည်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များ နှင့် ၄င်းတို့၏ဝန်ထမ်းများ၏လိုအပ်ချက်ကို ကောင်းမွန်စွာသိရှိ နားလည် သဘောပေါက်ထားပြီး၊ သင်ယူလေ့လာရာတွင်လည်း လွယ်ကူ ရိုးရှင်းပြီး လက်တွေ့ကျခြင်း၊ ထိရောက်မှုရှိပြီး ချက်ခြင်းအသုံးချလို့ရနိုင်ခြင်း၊ လုပ်ငန်းတွေပိုစနစ်ကျလာပြီး အမြတ်ငွေတွေပိုမိုတိုးပွားလာပြီး ယှဉ်ပြိုင်နိုင်မှု စွမ်းရည်များပိုမိုမြှင့်တက်လာခြင်း စသည့်ကြီးမားတဲ့ အကျိုးရလဒ်များကို ဖြစ်ပေါ်စေပါတယ်။

သင်ကြားပို့ချပေးနေသာ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းများ

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါဝင်စားသူများအတွက် လုပ်ငန်းတစ်ခုကို စတင်နိုင်မည့် နည်းစနစ်များ၊ အိုင်ဒီယာများ၊ ဗျူဟာများကို လက်တွေ့သင်ကြားပို့ချပေးသော ဘာသာရပ်ဖြစ်သည်။

သင်တန်းပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများ
အများနှင့်မတူသော ပုံစံများ၊ ဗျူဟာများဖြင့် လုပ်ငန်းတစ်ခုကို စနစ်တကျ စတင်အကောင်အထည်ဖောင် ဆောင်ရွက်သွားနိုင်မည်။

တက်ရောက်လေ့လာသင်ယူသင့်သူများ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်လိုသော လူငယ်များ၊ လုပ်ငန်းအသစ်ကို ထပ်မံတိုးချဲ့လုပ်ကိုင်ချင်သော လုပ်ငန်းရှင်များ။

သင်တန်းကာလ – (၃) ရက် မှ (၅) ရက်အတွင်း

မှတ်ချက်
သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေရာ နှင့် အသေးစိတ် အချက်အလက်များကိုကို ခမ်းကူသင်တန်းကျောင်း ၏ Facebook Page တွင် အခါအားလျော်စွာ Update တင်ပေးပါသဖြင့် Page ကို Like & Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမ်းကူ သင်တန်းကျောင်း၏ Facebook စာမျက်နှာအားကြည့်ရှုရန်

ကိုယ်ပိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းအတွင်းရှိ ငွေစာရင်းပိုင်းဆိုင်ရာ စည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ နှင့် အမြတ်အရှုံးစာရင်း၊ လက်ကျန်ရှင်းတမ်းများကို ရိုးရှင်းလွယ်ကူသော ပုံစံများ၊ သင်ရိုးများဖြင့် သင်ကြားပို့ချ စနစ်ချပေးသော ဘာသာရပ်ဖြစ်ပါသည်။

သင်တန်းပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများ
မိမိလုပ်ငန်း၏ ငွေစာရင်းများ စနစ်ကျလာပြီး၊ ဝင်ငွေထွက်ငွေများကို တိတိကျကျမှတ်သားထားနိုင်ကာ အမြတ်အရှုံးစာရင်းများ၊ လက်ကျန်ရှင်းတမ်းများကို ပုံစံမှန်ပြီး စနစ်ကျသွားမည်ဖြစ်ပါသည်။

တက်ရောက်သင်ယူလေ့လာသင့်သူများ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ၄င်းတို့၏ မန်နေဂျာများ၊ စာရင်းကိုင်များနှင့် လုပ်ဖော်ကိုင်ဖက်များ

သင်တန်းကာလ – (၃) ရက် မှ (၅) ရက်အတွင်း

မှတ်ချက်
သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေရာ နှင့် အသေးစိတ် အချက်အလက်များကိုကို ခမ်းကူသင်တန်းကျောင်း ၏ Facebook Page တွင် အခါအားလျော်စွာ Update တင်ပေးပါသဖြင့် Page ကို Like & Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမ်းကူ သင်တန်းကျောင်း၏ Facebook စာမျက်နှာအားကြည့်ရှုရန်

ကိုယ်ပိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်း၏ ရောင်းအားများ ယခင်ကထက် ပိုမိုတိုးမြှင့်ရန် နှင့် မိမိတို့၏ ဖောက်သည်များ စိတ်ကျေနပ်မှုပိုမိုရရှိရန် အကောင်းဆုံးဝန်ဆောင်မှုပေးနည်းများကို လက်တွေ့သင်ကြားပို့ချပေးသော ဘာသာရပ်ဖြစ်ပါသည်။

သင်တန်းပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများ
ဖောက်သည်များ၏ လိုအပ်ချက်ကို ကောင်းစွာနားလည်သဘောပေါက်ပြီး ဝယ်ယူမှုဖြစ်စေရန် ရောင်းချတတ်ပြီး သင့်တင်မျှတသော ဝန်ဆောင်မှုများကို ပေးတတ်မည်ဖြစ်သည့်အတွက် ရောင်းအားများကို တိုးမြှင့်လာကာ အမြတ်ဝင်ငွေများ တိုးတက်လာစေပါသည်။

တက်ရောက်သင်ယူလေ့လာသင့်သူများ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ၄င်းတို့၏ မန်နေဂျာများ၊ အရောင်းဝန်ထမ်းများ။

သင်တန်းကာလ – (၃) ရက် မှ (၅) ရက်အတွင်း

မှတ်ချက်
သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေရာ နှင့် အသေးစိတ် အချက်အလက်များကိုကို ခမ်းကူသင်တန်းကျောင်း ၏ Facebook Page တွင် အခါအားလျော်စွာ Update တင်ပေးပါသဖြင့် Page ကို Like & Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမ်းကူ သင်တန်းကျောင်း၏ Facebook စာမျက်နှာအားကြည့်ရှုရန်

ပြိုင်ဆိုင်မှုများပြားလှသော စျေးကွက်အတွင်း မိမိတို့၏ လုပ်ငန်းများ လူသိများအောင်၊ စိတ်ဝင်စားမှုမြှင့်တက်အောင် နှင့် စျေးကွက်ဖောက်ကာ စျေးကွက် ဦးဆောင်သူ (Market Leader) ဖြစ်လာအောင် သိထားရမည့် ဆောင်ရန် ရှောင်ရန်များ၊ စနစ်များ၊ လုပ်ထုံးလုပ်နည်းများ နှင့် ဗျူဟာများကို လေ့ကျင့်သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါသည်။

သင်တန်းပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများ
စျေးကွက်အတွင်း လူသိများလာပြီးရောင်းအားတက်လာမည်။ စျေးကွက်အတွင်း အများနှင့်မတူသည့် ဗျူဟာများဖြင့် မိမိလုပ်ငန်း၏ယှဉ်ပြိုင်မှုစွမ်းရည်များ ပိုမိုတိုးတက်ကာ အများထက် နှာတစ်ဖျားသာနေမည်ဖြစ်ပါသည်။

တက်ရောက်သင်ယူလေ့လာသင့်သူများ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ၄င်းတို့၏ မန်နေဂျာများ၊ အရောင်းဝန်ထမ်းများ။

သင်တန်းကာလ – (၃) ရက် မှ (၅) ရက်အတွင်း

မှတ်ချက်
သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေရာ နှင့် အသေးစိတ် အချက်အလက်များကိုကို ခမ်းကူသင်တန်းကျောင်း ၏ Facebook Page တွင် အခါအားလျော်စွာ Update တင်ပေးပါသဖြင့် Page ကို Like & Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမ်းကူ သင်တန်းကျောင်း၏ Facebook စာမျက်နှာအားကြည့်ရှုရန်

မိမိတို့၏ ဝန်ထမ်းများကို စီမံခန့်ခွဲရန်၊ ၄င်းတို့အား တိကျသော တာဝန်များပေးအပ်ပုံနှင့် မိမိလိုချင်သော ရလဒ်များထွက်လာရန် ဦးဆောင်ဦးရွက်ပြုနည်းများကို လေ့ကျင့်သင်ကြားပေးသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။

သင်တန်းပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများ
ဝန်ထမ်းများ ကိုယ့်တာဝန်ကို သိပြီး လုပ်ငန်းခွင်အတွင်းပျော်ရွှင်စွာ လုပ်ကိုင်ဆောင်ရွက်ကြပြီး ထုတ်လုပ်မှုစွမ်းအားများတိုးတက်လာပါမည်။ ထို့အပြင် ဝန်ထမ်းများ၏ လိုအပ်ချက်နှင့်အညီ ဦးဆောင်ဦးရွက်ပြုနိုင်သောကြောင့် ဝန်ထမ်းထွက်မှုနှုန်းများ သိသိသာသာ ထိုးကျသွားမည်ဖြစ်ပါသည်။

တက်ရောက်သင်ယူလေ့လာသင့်သူများ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ၄င်းတို့၏ မန်နေဂျာများနှင့် အလုပ်သမားခေါင်းဆောင်များ။

သင်တန်းကာလ – (၃) ရက် မှ (၅) ရက်အတွင်း

မှတ်ချက်
သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေရာ နှင့် အသေးစိတ် အချက်အလက်များကိုကို ခမ်းကူသင်တန်းကျောင်း ၏ Facebook Page တွင် အခါအားလျော်စွာ Update တင်ပေးပါသဖြင့် Page ကို Like & Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမ်းကူ သင်တန်းကျောင်း၏ Facebook စာမျက်နှာအားကြည့်ရှုရန်

MBA နိုင်ငံတကာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ တက်ရောက်ရန်အချိန်မရှိသော လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းတစ်ခု၏ အဓိက ထောက်တိုင် (၄) တိုင်ဖြစ်သည့် ထုတ်လုပ်သည့်အပိုင်း၊ ရောင်းချသည့်အပိုင်း၊ စာရင်းဇယားပိုင်း နှင့် ဝန်ထမ်းထိန်းသိမ်းသည့်အပိုင်းများအား မိမိတို့လုပ်ငန်းနှင့် သင့်တော်မည့် ပုံစံများ၊ စည်းစနစ်များနှင့်အညီ လုပ်ထုံးလုပ်နည်း (SOP) များကို ချမှတ်နိုင်ကာ အသေးစားလုပ်ငန်း၊ တနိုင်တပိုင်လုပ်ငန်း၊ မိသားစုပိုင်လုပ်ငန်းဖြစ်သော်လည်း နိုင်ငံတကာ လုပ်ငန်းများအထိ ရည်ရွယ်ထားသူများအား လေ့ကျင့်သင်ကြားပို့ချပေးသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။

သင်တန်းပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများ
လုပ်ငန်းများပိုမိုစနစ်ကျလာခြင်း၊ လုပ်ငန်းသေးသော်လည်း နိုင်ငံတကာအဆင့် စည်းစနစ်များဖြင့် လုပ်ငန်းကို မိမိမပါဘဲ လှည်ပတ်လာနိုင်ခြင်း၊ လုပ်ငန်းရှင်တို့ သိသင့်သိထိုက်သည်များကို ပိုမိုသိရှိလာသဖြင့် ဂုဏ်သရေ ပြည့်ဝသော လုပ်ငန်းရှင်များဖြစ်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။

တက်ရောက်သင်ယူလေ့လာသင့်သူများ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ၄င်းတို့၏ မန်နေဂျာများ၊ အရောင်းဝန်ထမ်းများ။

သင်တန်းကာလ – (၁၅) ရက် မှ (၂၁) ရက်အတွင်း

မှတ်ချက်
သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေရာ နှင့် အသေးစိတ် အချက်အလက်များကိုကို ခမ်းကူသင်တန်းကျောင်း ၏ Facebook Page တွင် အခါအားလျော်စွာ Update တင်ပေးပါသဖြင့် Page ကို Like & Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမ်းကူ သင်တန်းကျောင်း၏ Facebook စာမျက်နှာအားကြည့်ရှုရန်

လုပ်ငန်းတစ်ခု ပိုမိုဖွံ့ဖြိုးတိုးတက်ရန် စနစ်ကျခြင်းနှင့် ဝန်ထမ်းများစွမ်းရည်မြှင့်နေခြင်းသည် အဓိကကျသောအရာများဖြစ်သည်။ ဝန်ထမ်းများသည် မိမိတို့၏ ဖောက်သည်များအား အနီးကပ် ဝန်ဆောင်မှုပေး ထိတွေ့ဆက်ဆံနေရသောသူများဖြစ်သည်။ ဖောက်သည်များ၏ ဆုံးဖြတ်ချက်သည် မိမိတို့၏ ဝန်ထမ်းများအပေါ်တွင် ၈၀% မှီတည်နေပါသည်။ ထို့ကြောင့် မိမိတို့ဝန်ထမ်းများ စွမ်းရည့်ပြည့်မှီနေရန်မှာ အထူးအရေးကြီးလှပါသည်။ ယခုသင်တန်းသည် လူကြီးမင်းတို့၏ ဝန်ထမ်းများကို ပိုမိုထူးချွန်တက်မြောက်လာရန်၊ စိတ်ဓာတ်ပိုင်း၊ အကျင့်သီလပိုင်းနှင့် ပေးအပ်သော တာဝန်ဝတ္တရားများကို ASK Model ဖြင့် လေ့ကျင့်သင့်ကြားပျိုးထောင်ပေးသော သင်တန်းဖြစ်ပါသည်။

သင်တန်းပြီးလျှင် ရရှိမည့်အကျိုးကျေးဇူးများ
ဝန်ထမ်းများ အလုပ်ခွင်တွင်းပျော်ရွှင်လာပြီး ဝန်ဆောင်မှုကောင်းများ၊ စိတ်ရင်းစေတနာများ၊ အသိပညာဗဟုသုတများစွာဖြင့် ဖောက်သည်များအား ဝန်ဆောင်မှုပိုမိုပေးလာနိုင်သည့်အတွက် ဖောက်သည်များ အခါခါ ပြန်လည် အားပေးမှုကို ရရှိမှာဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းများ၏ စွမ်းရည့်မြှင့်မားလာသောကြောင့် အခြားလုပ်ငန်းများ၏ သော်လည်းကောင်း မိမိတို့၏ ပြိုင်ဖက်များဖြင့်သော်လည်းကောင်း ယှဉ်ပြိုင်ရာတွင် နှာတစ်ဖျားသာကာ စျေးကွက်ဝေစုကို ပိုမိုရရှိလာမည်ဖြစ်ပါသည်။

တက်ရောက်သင်ယူလေ့လာသင့်သူများ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့် ၄င်းတို့၏ ဝန်ထမ်းများအားလုံး

သင်တန်းကာလ – (၃) ရက် မှ (၅) ရက်အတွင်း

မှတ်ချက်
သင်တန်းဖွင့်လှစ်မည့် အချိန်၊ နေရာ နှင့် အသေးစိတ် အချက်အလက်များကိုကို ခမ်းကူသင်တန်းကျောင်း ၏ Facebook Page တွင် အခါအားလျော်စွာ Update တင်ပေးပါသဖြင့် Page ကို Like & Follow လုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမ်းကူ သင်တန်းကျောင်း၏ Facebook စာမျက်နှာအားကြည့်ရှုရန်

ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များ